ပဲခူးဘက်က မြေကွက်ကို လျှော့ဈေးနဲ့ ပြန်ရောင်းလာ

Page View : 1,407
News Type : Property

ပဲခူးဘက်က မြေကွက်ကို လျှော့ဈေးနဲ့ ပြန်ရောင်းလာ

ပဲခူးဘက်က အိမ်ခြံမြေ ဈေးကွက်မှာ အရောင်းအဝယ်အေးနေပြီး အ ရင်ဝယ်ထားတဲ့သူတွေတောင် လျှော့ဈေးနဲ့ ပြန်ရောင်းတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။
“အရောင်းရော၊ အငှားရော ရပ်နေတာ၊ ဘာမှကို မလှုပ်တာ၊ ဆီးဂိမ်းကြောင့် လဲ ပါတယ်၊ ဈေးတွေလဲ ငြိမ်နေတာပဲ၊ အကုန်ရပ်နေတာ”လို့ (၁၇) ရပ်ကွက်မှ ပဲခူး အိမ်ခြံမြေအကျိုးဆောင် မဇာက ပြောပါ တယ်။
အခုလို အရောင်းအဝယ် အငှားတွေ ရပ်နေတာဟာ တစ်လနီးပါးခန့်ရှိပြီး အရင် ဝယ်ထားတဲ့ ပိုင်ရှင်တွေဆိုရင် ဈေးလျှော့ ပြီး ပြန်ရောင်းကြတာတွေတောင် ရှိလာပါ တယ်။
ပေ ၄၀ x ပေ ၆၀ ရှိတဲ့ အကွက်တွေဆိုရင် အတွင်းဘက်က ကျပ်သိန်း ၁၅၀၊ ၁၃၀ တို့နဲ့အရောင်းအဝယ်ဖြစ်နေပေမဲ့ လမ်းမ တန်းဘက်ဆိုရင်တော့ မေးတဲ့သူ သိပ်မရှိ ပါဘူး။ ပေ ၈၀ x ပေ ၁၀ဝ လမ်းမတန်းမေးတင်ဆိုရင် ကျပ်သိန်း ၄၀ဝ ကနေ ၆၀ဝ အ ထိ ခေါ်တဲ့သူရှိပေမဲ့ ဝယ်သူ လုံးဝမရှိဘူး လို့ သိရပါတယ်။
“မူလပိုင်ရှင်တွေက ဈေးတွေအများ ကြီး လျှော့ရောင်းကြတယ်၊ ၁၅၀ တို့ ၊ ၁၃၀ တို့နဲ့ ရောင်းကြတာ၊ တစ်ဆင့်ခံသမားတွေဆိုရင်တော့ ၁၅၅ သိန်း၊ သိန်း ၁၆၀ တို့နဲ့ ရောင်းကြတယ်”လို့ မဇာကပဲ ဆက်ပြောပါ တယ်။
ပဲခူးမှာ ဒီဇင်ဘာလကုန်ပိုင်းလောက်အထိ အရောင်းအဝယ် အေးနေနိုင်ပြီး ဇန် နဝါရီလဆန်းလောက်မှ အရောင်းအဝယ် ပြန်ဖြစ်နိုင်တယ်လို့ သိရပါတယ်။
ခုလက်ရှိမှာ ပဲခူးက ဟံသာဝတီ အ ပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်း မစ သေးတဲ့အပြင် ယခင်က ၄င်းစီမံကိန်း ကြောင့် ဝယ်ယူထားတဲ့သူတွေပါ အရှုံးခံ ပြန်ရောင်းနေကြတယ်လို့ သိရပါတယ်။

Author:
လဲ့မို့၊ ဖြိုးစန္ဒာ

Post on : 27/01/2557 15:41