Ranking

N/A

Total View

N/A

E-Catalog > Biofertilizer > Biofertilizer


Page View : 4,908

Product Information :

Name :
Biofertilizer
Category :
  1. เกษตร
Sub - Category :
  1. Biofertilizer
Brand :
Asia Golden Family
Product Type :
  1. สินค้า, ผลิตภัณฑ์

Product Detail :

Mychorhiza (မိုင်ကိုရိုင်ဇာ) ဆိုသည်မှာ -
မိုက်ကို Myco = မှို (fungus)
ရိုင်ဇာ rhiza = အမြစ် (Root)
"မိုက်ကိုရိုင်ဇာဆိုသည်မှာ အမြစ်ကဲ့သို့သောမှို"
အမြစ်၏တာဝန်ဖြစ်သော ရေနှင့်အာဟာရများကို (၀ိုင်းကူ) စုပ်ယူ၍ အပင်များ စားသုံးနိုင်အောင် ၀ိုင်းဝန်းပြုလုပ်ပေးသောမှိုဖြစ်သည်။ အပင်၏အမြစ်များတွင် စွဲကပ်နေ၍ အထူးသဖြင့် ရေတွင်မပျော်ဝင်နိုင်ဘဲရှိနေနိုင်သော (P) ဖော့စဖိတ်ခေါ် မီးစုန်းဓာတ်ကိုပင် ရေတွင်ပျော်စေ၍ အပင်များစားသုံးနိုင်အောင် ပြုလုပ်ပေးသည်။
၎င်းမှိုများသည် အမြစ်ပွားမှုကောင်းစေခြင်း၊ ကြီးထွားမှုမြန်ဆန်စေခြင်း၊ ရောဂါနှင့် ရာသီဥတုဒဏ်ကို ပိုမိုခံနိုင်ခြင်း၊ မြေဆီလွှာဖြစ်ပေါ်မှုကို ထက်သန်စေခြင်း၊ မြေတွင် အစိုဓာတ်နှင့် အပူချိန်ကိုထိန်းပေးခြင်း၊ pH ကိုသမစေခြင်း စသည်တို့ကို စွမ်းဆောင်ပေးသည်။

လုပ်ဆောင်ချက်
အမိုနီယမ်ဆာလဖိတ် ပေါင် ၁၀၀% ကျွေးနှုန်းသည် နိုက်ထရိုဂျင် ပေါင် ၂၀%သာ ရသည်။ ကျန် ၈၀%မှာ အပင်များမစားသုံးမီ ဆုံးရှုံးကုန်သည်။ ဤပိုးမွေး ထားသော မြေသြဇာကိုသုံးစွဲလျှင် မြေနှင့်လေထဲမှ နိုက်ထရိုဂျင်ပေါင် ၄၀% မှ ၅၀% အမြဲမပြတ်ထုတ်ပေးနေ၍ ဓာတ်မြေသြဇာလေလွင့်ဆုံးရှုံးမှုကို ကာကွယ်ပေးသည်။

သုံးစွဲခြင်း အကျိုးကျေးဇူး
၁။ ထည့်သွင်းထားသော ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာများကို အလေအလွင့်နည်းပါးအောင် ထိန်းသိမ်းပေးနိုင်သည်။
၂။ အပင်များကြီးထွားစေသောဟော်မုန်းများ ထွက်ရှိစေပြီး အပင်ပိုမိုရှင်သန် ထွားကြိုင်းစေရန် အထောက်အကူပြုသည်။
၃။ မြေတွင်းအောင်းပင်များကို ရှင်းလင်းသုတ်သင်ပေး၍ အပင်များတွင် ကျရောက်တတ်သောရောဂါများကို ကာကွယ်ကုသနိုင်စွမ်းရှိသည်။
၎။ အခြားမြေသြဇာများနှင့် တွဲသုံးပါက ပို၍အကျိုးဖြစ်ထွန်းစေသည်။

SHUBHODAYA Mycorrhizal Biofertilizer
ခေတ်မီစိုက်ပျိုးရေးနည်းပညာများနှင့် မြေသြဇာအကြောင်းများကို သိရှိလိုပါက ဟောပြောပွဲများပြုလုပ်လိုပါက အခမဲ့ဆောင်ရွက်ပေးပါမည်။
သင်တို့၏အခက်အခဲသည် ကျွန်ုပ်၏အခက်အခဲဖြစ်သည်။
ဓာတုကင်းစင် မြန်ပြည်တစ်ခွင် ဒို့မြေကောင်းဖို့ သုံးကြစို့